International News

COVID-19 ကြောင့် လက်လီရောင်းချမှုများ ကျဆင်းနေသော်လည်း ကျန်းမာရေးသုံးပစ္စည်းများ ရောင်းချရမှုကြောင့် ရောင်းအားအနည်းငယ်ကောင်းမွန်လာခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက်မှုကြောင့် ပြည်သူများကကျန်းမာရေးသုံးပစ္စည်းများ ယ်ယူမှုမြင့်တက်သောကြောင့် ဆယ်ရာစုနှစ်တစ်ခုအတွင်း ဟောင်‌ကောင် ဒေသ၏ လက်လီရောင်းချမှုကို အနည်းငယ် ကောင်းမွန်စေခဲ့ကြောင်း၊ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ဗီတာမင်နှင့် အာဟာရဖြည့်စွက်စာများ ရောင်းချ ရမှုမြင့်တက်လာသည်ဟု အလှကုန်နှင့်ဆေးဝါးများရောင်းချသည့် ဟောင်ကောင်ဒေသ၏ အကြီးဆုံးလက်လီအရောင်းဆိုင်ဖြစ်သည့် AS Watson Group စာရင်းအရ သိရှိရကြောင်း၊  COVID-19 ကြောင့် ဟောင်ကောင် ဒေသ၏လက်လီရောင်းချမှုမှာ ပြင်းထန်စွာရိုက်ခတ်ခံရလျက်ရှိနေစဉ် COVID-19 ကိုခံနိုင်ရည်ရှိနိုင်သည့် ဗီတာမင်စီ ရောင်းချရမှုမှာ (၄၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အွန်လိုင်းမှ ရောင်းချမှုများတွင်လည်း ပထမလေးလပတ်အတွင်း လေးဆမြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်‌ဒေသ အတွက် ပထမ လေးလပတ်အတွင်း လက်လီအရောင်းမှာ သိသာထင်ရှားစွာ (၃၆.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ AS Watson သည် ဈေးကွက် (၂၅) ခု၌ Watson စတိုးဆိုင် (၁၅,၇၀၀) ဆိုင်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းနှင့် အလှကုန်များ‌ရောင်းချသည့် Sa Sa နိုင်ငံတကာကုမ္ပဏီ၏ ကျန်းမာရေး သုံးပစ္စည်းများရောင်းချရမှုမှာ ၂၀၁၉ ခုနှစ် ၊ စတုတ္ထလေးလပတ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်၌ မြင့်တက်ခဲ့ကြောင်း၊ ကျန်းမာရေးသုံးပစ္စည်းများ ရောင်းချရမှုတွင် Watson က Mannings ထက်သာလွန်သွားကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် သက်ကြီးရွယ်အိုများ အရေအတွက် လျင်မြန်စွာ များပြားလာမှု၊ COVID-19 ရောဂါအားကာကွယ်ရန် လူနေထိုင်မှုဘဝများ ပြောင်းလဲလာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များ မြင့်တက်လာမှုတို့ကြောင့် ဗီတာမင်နှင့် မင်နရယ်လ် များရောင်းချရမှုများ လျင်မြန်စွာမြင့်တက်လာကြောင်း၊ COVID-19 ရောဂါခုခံကာကွယ်နိုင်ရန် ဗီတာမင်စီများရောင်းချ ရမှုမှာ ကမ္ဘာတစ်ဝန်းလုံးတွင် မြင့်တက်ခဲ့ ခြင်းကြောင့် ဗီတာမင်စီမှာ အရေးကြီးလျက်ရှိကြောင်းနှင့် အသွားအလာကန့်သတ်မှုများ ပြုလုပ်မှုများကြောင့် ဗီတာမင်ဒီ ဝယ်လိုအားမှာလည်း ရုတ်တရက် မြင့်တက် လာကြောင်း၊ ဟောင်ကောင်‌ဒေသမှ ကျန်းမာရေးစောင့်ရှောက်သူမှ ပြောကြားရာတွင် ဗီတာမင်စီသည် သာမန်အအေးမိခြင်းအတွက် ကာကွယ်ပေးနိုင်သော်လည်း ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှုအား ကာကွယ်နိုင်လိမ့်မည်ဟု မတွေ့ရှိထားကြောင်း  ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌  Eric Ng က “Healh supplements defy retail slump as Covid-19 crisis sparks sales boom” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News